Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

အားလုံးစိတ်ဝင်စားမယ့် Ethical ရဲ့ WiFi Hacking စာအုပ်လေးပါ


ဒီ Ethical Hucking Ebook လေးကိုအစ်ကိုတစ်ယောက်တောင်းထားလို့ ရယ်၊ပြီးတော့ အသိပညာလေး ရအောင်လို့ သာ တင်ပေးလိုက်တာပါ ။ တင်တာတင်ရတာ ခပ်လန့် လန့် ပဲ Fri တို့ ရေ ။ပထမဦး
စွာပြောချင်တာက ကိုယ်တတ်တဲ့ အတတ်ပညာနဲ့  ဘယ်တော့မှ သူတစ်ပါးအကျိုးစီးပွား ထိခိုက်အောင်မလုပ်ပါနဲ့ ။ပြီးတော့ လိုအပ်တဲ့နေရာမှာ အသုံးချပါလို့  အကြံပြုပါရစေဗျာ။ကျွှန်တော်လည်းစမ်းပြီးပါပြီ ၊

Viber ကို မြန်မာသင်္ကြန် Version နဲ့ ထွက်ပြီ


အားလုံးရဲ့ လက်ထဲမှာ ဖုန်းတစ်လုံးစီတော့ ကိုယ်စီရှိနေကြမှာပဲနော်။ ဖုန်းရှိပြီးဆိုတာနဲ့ ဖုန်းဆိုင်တွေလည်း Application တွေ Install လုပ်ပေးပြီးဆိုရှင် မဖြစ်မနေ Messenger Application လေးတစ်ခုကိုတော့ ထည့်သွင်းပေးလေ့ရှိကြပါတယ်။ User တွေကလည်း ဒီ messenger application လေးကို

အတာသင်္ကြန်အတွက် ရေစိုခံ ဖုန်းအမျိုးအစားများ





Samsung Galaxy S 5

ရေစိမ်ခံနိုင်စေရန် ဖုန်းကာဗာ၌ ရာဘာသီးသန့် ထည့်သွင်းဖန်တီးထားသော ဖုန်းဖြစ်ပြီး IP67 Certified အသိအမှတ်ပြု ဖုန်းဖြစ်သည်။ IP67 အမျိုးအစားမှာ ရေအောက်အနက် ၃ ပေ၌ မိနစ် ၃၀ ကြာ အသုံးပြုနိုင်သည်။ လက်ဗွေလုံခြုံရေးစနစ်များ ထောက်ပံ့ပါဝင်ပြီး မြင်ကွင်းအရွယ်အစားမှာ ၅.၁ လက်မရှိသည့် Super AMOLED Display ကို အသုံးပြုထားသော ဖုန်းဖြစ်ပါသည်။ Quad-core 2.5 GHz CPU နှင့် Adreno 330 အမျိုးအစား GPU အမျိုးအစားဖြစ်သည်။ 16 Megapixel နောက်ဘက်ကင်မရာနှင့် 2 Megapixel ရှိသော ရှေ့ဘက်ကင်မရာများကို ထည့်သွင်းထားပြီး သိုလှောင်မှုအတွက် 16GB နှင့် RAM မှာတော့ 2GB ရှိသည်။ Android OS v4.4.2 ကိုထည့်သွင်းထားပြီး ဘက်ထရီမှာ ဖုန်းပြောခြင်းကို

Microsoft ၏ " Windows 10 " အကြောင်း သိထားသင့်သည့် အချက် (၉) ချက်


Windows 8 နှင့် ပတ်သက်ပြီး ဝေဖန်သံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပြီးနောက် Windows 10 ဟုခေါ်သည့် Windows operating system သစ်ကို အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် ပွဲတစ်ခုတွင် Microsoft က မိတ်ဆက်ပေးခဲ့သည်။ ထို့ကြောင့် Microsoft ၏ နောက်ဆုံးခြေလှမ်းသစ်ဖြစ်သော Windows 10 နှင့် ပတ်သက်၍ သိရှိထားသင့်သည့် အချက်များကို ဖော်ပြလိုက်ပါသည်။
(၁) Windows 10 ကို ဘယ်အချိန် upgrade လုပ်နိုင်မလဲ။ ဘယ်လောက် ကုန်ကျမလဲ။
Microsoft သည် Windows 10 ကို ၂၀၁၅ ခုနှစ် ဧပြီလတွင် ကျင်းပမည့် Build developer conference နောက်ပိုင်း ဖြန့်ချိဖွယ်ရှိသည်။ အကယ်၍ Windows 10 ကို စမ်းသပ်အသုံးပြုချင်လိုပါက အောက်တိုဘာ ၁ ရက်မှ စတင်ကာ Windows Insider Program တွင် sign up လုပ်ပြီး preview build ကို အသုံးပြုနိုင်သည်။ လက်လီရောင်းချမည့် Windows 10 ဗားရှင်း၏ ဈေးနှုန်းများကို မသိရှိရသေးပေ။

နိုင်ငံတကာသို့ ၃၀ ကျပ်ဖြင့် SMS ပေးပို့နိုင်ဟု Telenor ပြော


Telenor ၏ မိုဘိုင်းဖုန်းလိုင်းများသည် တစ်ကမ္ဘာလုံးရှိ မိုဘိုင်းဖုန်းလိုင်းများဆီသို့ SMS (စာတိုစနစ်) ပေး ပို့နိုင်ကြောင်း၊ ထိုကဲ့သို့ SMS ပေးပို့ရာတွင် ဈေးနှုန်းအနေဖြင့် ၃၀ ကျပ် သတ်မှတ်ထားကြောင်း Telenor Myanmar  မှ သတင်းထုတ်ပြန်လိုက်သည်။လက်ရှိအချိန်၌ Telenor သည် ၎င်း၏ မိုဘိုင်းဖုန်းလိုင်းများအတွင်း နိုင်ငံ ၅ နိုင်ငံဆီသို့ အပြန်အလှန် သယ်ဆောင်အသုံးပြုနိုင်ရန် Roaming ကွန်ရက်ကို ဖွင့်လှစ်ပေးထားပြီး နိုင်ငံတကာသို့ မိုဘိုင်းဖုန်း ခေါ်ဆိုမှု အဖြစ် နိုင်ငံပေါင်း ၂၃၄ နိုင်ငံဆီသို့ ခေါ်ဆိုမှုပြုလုပ်နိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန် စသည့် နိုင်ငံ ၅ နိုင်ငံသို့ အပြန်အလှန် သယ်ဆောင် အသုံးပြုနိုင်သော Telenor ဆင်းမ်ကတ်များသည်

ဖုန်းက pattern lock တွေ မေ့သွားခဲ့ရင် လုပ်ဆောင်ချက်များ


Android phone တွေအတွက်  ဖုန်  pattern lock မေ့သွားခဲ့ရင် မိမိဖုန်းမှာပေါ့ ဖျက်စီးနည်း 
၂ နည်းရှိပါတယ် 
၁။ ။ computer မသုံးပဲ ဖျက်မယ်
၂။ ။computer သုံးပြီး ဖျက်မယ်

၁။ ။ computer မသုံးပဲ ဖျက်မယ်
Computer မသုံးပဲ ဖျက်မယ်ဆိုရင်တော့ မိမိ install လုပ်ထားတဲ့ apk အကုန်ပျက်စီးပြီးဖုန်းဝယ်တုန်းကအတိုင်း အသစ်အတိုင်း ဖြစ်သွားပါလိမ်မယ့်သိသူတွေလည်းဒီနည်းလမ်းကို တော်တော်သိမယ်ထင်လိုအမြန်ပဲ ရှင်းလိုက်တာပါ

HUAWEI မှ Ascend Mate 7 နှင့် Ascend G7 မိတ်ဆက်မည်

 Huawei Ascend Mate 7
HUAWEI မှ Ascend Mate 7 နှင့် Ascend G7 ကို အောက်တိုဘာလ ၁၀ ရက် မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီ အထိ Park Royal ဟိုတယ်၌ မိတ်ဆက်ပြသ သွားမည်ဖြစ်သည်။
Ascend Mate 7 မှာ မျက်နှာပြင်အရွယ်အစား ၆ လက်မရှိပြီး ဘောင်မပါရှိပေ။ ပရိုဆက်ဆာ ၈ လုံး ပါရှိမည်ဖြစ်ပြီး Dual Antenna စနစ် ပါရှိသောကြောင့် လိုင်းဆွဲအား ကောင်းမွန်သည်။ အထူမှာ ၆.၆ မီလီမီတာခန့်သာ ရှိသည်။ လုံခြုံရေးအတွက် လက်ဗွေစနစ် ပါရှိသည်။ 4100 mAh ဘက်ထရီပါရှိပြီး အားအပြည့် ထည့်သွင်းထားပါက ၂ ရက်ကြာ အသုံးပြုနိုင်သည်။ မြန်မာစာစနစ်လည်း ပါရှိသည်။ အဆိုပါ Ascend Mate 7 နှင့်အတူ မိတ်ဆက်ပြသမည့် Ascend G7 မှာ မျက်နှာပြင်အရွယ်အစား ၅.၅ လက်မ ရှိပြီး 1.2 GHz ပရိုဆက်ဆာနှင့် 2GB RAM တို့ကို ထည့်သွင်းပေးထားသည်။

ရေစိုသွားသော ဖုန်းကို ပြန်လည်ပြုပြင်နည်း (၅) ချက်



(၁) ဘတ္တရီကို ချက်ချင်းဆွဲဖြုတ်လိုက်ပါ
ဖုန်းကို ရေစိုလိုက်တာနဲ့ Power ပိတ်ဖို့ လုပ်မနေဘဲနဲ့ ဘတ္တရီကိုသာ ချက်ချင်း ဆွဲဖြုတ်
လိုက်ပါ။ အဲလို ဘတ္တရီကို ဖြုတ်လိုက်ခြင်း အာဖြင့် သင့်ရဲ့ ရေစိုနေသော ဖုန်းကို ပြန်လည် ပြုပြင်နိုင်ပါလိမ့်မယ်။ အကယ်၍ iPhone ဆိုရင်တော့ power ကိုပဲ အမြန်ပိတ်လိုက်ပါ။
(၂) ဆင်းကဒ်ကို ဖြုတ်ပါ
တကယ်၍ ဟန်းစက်ဟာ ပျက်စီးသွားတယ်ဆိုရင် မှတ်သားထားသော contact information
ကို မပျောက်ပျက်စေရန် ဆင်းကဒ်ကို ဖြုတ်၍ လေမှုတ်စက်ဖြင့် မူတ်လိုက်ပါ။
(၃) ရေမချောက်မခြင်း ဖုန်းကို မဖွင့်ပါနဲ့
ရေအစိုဓာတ်တွေ မကုန်ဘဲ ဖုန်းပြန်ဖွင့်လိုက်မယ်ဆိုရင် သင့်ရဲ့ဖုန်းကို ပျက်စီး သွားစေမှာ ဖြစ်ပါတယ်။

Printer Sharing အကြောင်း တစေ့တစောင်း


Printer Sharing အကြောင်းကိုမပြောခင် ဘာကြောင့်
Printer Sharing ကိုအသုံးပြုရသလည်းဆိုတာလေးကို
အမြည်းပြောပြချင်ပါတယ်။ ကျွန်တော်တို့ ရုံးဌာနတစ်ခု
သို့မဟုတ် အဖွဲ့အစည်းတစ်ခုမှာ ကွန်ပျူတာတွေအသုံး
ပြုတယ်ဆိုတဲ့အခါမှာ ဘယ်ဌာနကမှ လက်ရှိရုံးထဲမှာရှိတဲ့
Computer တိုင်းအတွက် Printer တစ်လုံးစီ မ၀ယ်ပေးတတ်
ကြပါဘူး။ ဒီအခါမှာ ကျွန်တော်တို့က ဘယ်လောက်ပဲ ကွန်ပျူ
တာတွေများများ ရှိနေတဲ့ Printer တစ်လုံးတည်းကိုပဲ မျှဝေ
သုံးစွဲကြရပါတယ်။ ဒါကြောင့် မျှဝေသုံးစွဲခြင်းဆိုတဲ့ အခေါ်
အဝေါ်အရ Sharing ဆိုတာဖြစ်လာတာပါပဲ။ ကဲစလိုက်ရ
အောင် ဘယ်လို Printer အမျိုးအစားပဲဖြစ်ဖြစ် ယခုပြော
မယ့် အကြောင်းအရာအတိုင်းပဲလုပ်ဆောင်ဖန်တီးနိုင်ပါတယ်။
အရင်ဆုံး ကျွန်တော်တို့

Window System ရဲ့ Services တွေအကြောင်း တစေ့တစောင်း


COM+ Event System
ဒါကတော့ System ပိုင်းမှာ သတင်းအချက်လက်တွေကို အကြောင်းကြားပေးတဲ့ service တစ်ခုဖြစ်တယ်။ သူ့ကိုပိတ်ထားမိမယ်ဆိုရင် logon & logoff အခြေအနေတွေမှာ
window system ဆီကို သတင်းအချက်အလက်တွေ အကြောင်းပေးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီ service က Automatic Start ဖြစ်နေသင့်တယ်။

Cryptographic Services
ဒါကတော့ database တွေကို စာရင်းပြုစုပေးတယ်၊ window ရဲ့ ပုံမှန် လုပ်ဆောင်တဲ့ file တွေကို အတည်ပြုပေးတယ်၊ program အသစ်တွေ install လုပ်တဲ့နေရာမှာ အထောက်အပံပေးတယ်၊ window ရဲ့ root ဖိုင်ကို ကာကွယ်ပေးတယ်၊ ဒီ services က Automatic Start ဖြစ်နေသင့်တယ်။

DCOM Server Process Launcher
ဒါကတော့ COM+ Event System အပါအဝင် network ပိုင်းဆိုင်ရာ service တွေနဲ့ တစ်ခုနှင့် တစ်ခု ချိတ်ဆက်ပြီး အထောက်အပံပေးထားတယ်။ သူ့ကို ပိတ်မယ်ဆိုရင် system registry ကနေပြင်ခြင်းဖြင့်သာ ရနိုင်မယ်လို့ဆိုတယ်။ ဒီ services ကလည်း Automatic Start ဖြစ်နေသင့်ပါတယ်။

Windows Registry အကြောင်း တစေ့တစောင်း


Registry ဟာ windows ရဲ့ အရေးပါလှတဲ့ အခန်းကဏ္ဍမှာရှိတယ်ဆိုတာကို ယနေ့မှာလူအတော်များများ သိပြီးဖြစ်ပါတယ်။
Registry ကနေ ကိုအလုပ်မလုပ်စေချင်တဲ့ Program တွေကို ပိတ်လို့ရသလို windows ထဲမှရှိတဲ့ အရာတွေကို ပြုပြင်လို့ရတယ်ဆိုတာကို နည်းပညာနဲ့ အကျွမ်းဝင်တဲ့ လူအချို့တွေတောင်မှ သိနိုင်ကြပါဘူး။
အချို့သော Program တွေက Folder Option ဖျောက်ပစ်တာ၊ Task bar ဖျောက်ပစ်တာ၊ Search တို့ Run တို့ Dialog box တို့ကို ဖျောက်ပစ်တာ တွေကို Registry မှာ သွားရေးပြီး ပိတ်ထားသလို Registry ကိုလည်း ဖွင့်လို့မရအောင် ပိတ်ထားကြတဲ့အတွက် စိတ်ကသိကအောက် ဖြစ်ရတာကိုလည်း ကြုံဖူးကြမှာပါ။
Registry ဟာ Administrator မဟုတ်ခဲ့လျှင် ၀င်ရောက်ကိုင်တွယ်လို့မရပါဘူး။ Administrator တွေတစ်ဦးထက်ပိုပြီးထားခဲ့မိလျှင်တော့ C:\Windows\registry ကိုရှာပြီး registry ပုံလေးကို right click ခေါက်ကာ Run as ဆိုတဲ့ command ကို click လုပ်ပြီး window box ကျလာလျှင် The following user ဆိုတဲ့ နေရာမှာ click ခေါက်ပြီး registry ကို ဖွင့်စေချင်တဲ့ Administrator ရဲ့ အမည်နဲ့ Password ကို ပေးထားခဲ့လျင် အခြားသူဝင်ပြီးမကိုင်တွယ်နိုင်တော့ဘဲ သတ်မှတ်ပေးထားတဲ့ Administrator ကသာကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။


" WiFi " အကြောင်း သိကောင်းစရာများ


WiFi အကြောင်း သိကောင်းစရာများ
=========================

WiFi ဘာလဲ၊ ဘယ်လဲ ယခုအချိန်တွင် WiFi မှာ အတော်ပင် အသံကျယ် လောင်ကာ ပြည်တွင်း၌ပင် တွင်ကျယ်လာပြီဖြစ်သည် ကို မြင်တွေ့ရသည်။ ထို့ကြောင့် WiFi နှင့် ပတ်သက်သော အချက်အလက်များကို လေ့လာသိရှိစေရန် ရည်သန်၍ WiFi နှင့် ပတ်သက်သည့် အချက်အလက်များ ပါရှိသော ယခုစာစုကို ရေးသားလိုက်ခြင်း ဖြစ်သည်။ WiFi ၏ အရှည်မှာ “Wireless Fitelity” ဖြစ်သည်။ 
၎င်း၏ မူလ ပိုင်ရှင်မှာWiFi Allance ဖြစ်ကာTEEE 802.11 ၏ Specification များတွင် အခြေခံထားသော WLAN တစ်ခုပင်ဖြစ်သည်။ WiFi ကို Mobile Computing များတွင် အဓိကထား အသုံးပြုကာ Laptop များတွင် Wireless LAN ချိတ်ခြင်း၌ ပို၍ အားသန်ပေသည်။ ယခုအခါတွင် Internet အပါအ၀င် VOIP Phone Access များ Gamming Application များ TV | DVD များတွင်ပါ WiFi သုံး၍ ကြိုးအသုံးပြုခြင်းကို လျော့ချလာနိုင်ပြီ ဖြစ်သည်။ နောက် ဆုံးတွေ့ရှိလာရသော အချက်အလက်များအရ WiFi ကို ကားများတွင်ပါ အသုံးပြုကာ Highway ၌ Mobile Commerce ရရှိနိုင်ရန်အတွက်ဟုပင် ဆိုနေကြပြီ ဖြစ်သည်။

WiFi သမိုင်းကို လှည့်ကြည့်ခြင်း

WiFi ၏ မူလပိုင်ရှင်မှာWiFi Allance ဖြစ်ကာWiFi Trade Mark ကို ပိုင်ဆိုင်သော စီးပွားရေးအဖွဲ့အစည်း တစ်ခုဖြစ်သည်။ WiFi ဆိုသည်မှာ LAN ၏ နည်းပညာနှင့် Method များကို IEEE 802.11 ကို ရည်ညွှန်းခြင်းဖြစ် သည်။ WiFi Allance ကို ၁၉၉၉ တုန်းက(WECA) Wireless Ethernet Compatibility 
Alliance နာမည်ဖြင့် စခဲ့ သည်။ WECA ကို နောက်ပိုင်းတွင် WiFi Alliance ဟု နာမည် ပြောင်းလိုက်ခြင်းဖြစ်သည်။ WECA တွင် ပါဝင်သူ များမှာ -

သိမှတ်သင့်သော Digital Shortcut စကားလုံးအချို့


(1) CMOS ဆိုတာကတော့ Complementary Metal-Oxide Semiconductor  ဖြစ်ပါတယ်။

(2) BIOS  ဆိုတာကတော့ Bios Input/Output System  ဖြစ်ပါတယ်။


(3) HDMI ဆိုတာကတော့ High-Definaation Multimedia Interface  ဖြစ်ပါတယ်။

(4) VGA ဆိုတာကတော့ Vedio Graphics Adapter  ဖြစ်ပါတယ်။

(5) UPS ဆိုတာကတော့ Uninterruptible Power Supply  ဖြစ်ပါတယ်။

(6)  DVI ဆိုတာကတော့  Digital Visual Interface  ဖြစ်ပါတယ်။

(7) NIC ဆိုတာကတော့ Network Interface Card  ဖြစ်ပါတယ်။

(8) CPU ဆိုတာကတော့ Central Processing Unit  ဖြစ်ပါတယ်။

ကွန်ပြူတာ ဗိုင်းရပ်စ်များအကြောင်း


ကွန်ပြူတာ ဗိုင်းရပ်စ် ဆိုတဲ့စကားက ခုချိန်မှာ ကလေးအစ .. အဲအဲ.. လူကြီးအဆုံး အားလုံး သိကြပြီး တော်တော်လေးကို ပေါ်ပြူလာဖြစ်နေတဲ့ နည်းပညာ ပြဿနာတစ်ခုပါ။
တကယ်တော့ ဗိုင်းရပ်စ်ဆိုတာ အကောင်အထည်ရှိတဲ့ ပိုးမွှားမဟုတ်သလို.. မိုက်ခရိုစကုတ်နဲ့ ကြည့်ရင်လည်း မြင်ရမယ့်အမျိုးအစားမဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူက အကောင်အထည်ရှိတဲ့ Hardware မှမဟုတ်တာ.. ။ လူတွေက တီထွင်ထားတဲ့ Software တစ်မျိုးပဲဖြစ်လို့ပါပဲ။
စဉ်းစားစရာ ဖြစ်လာပြီ.... ဒီတိုင်း သုံးလည်း အဆင်ပြေနေတဲ့ဟာကို..
ဘာ့ကြောင့် ဒီလိုတွေ အဆင်မပြေအောင် ရှုပ်အောင် လုပ်ကြသလဲဆိုတော့..။
အဖြေက တော့ အမျိုးမျိုးရိနိုင်ပါတယ်။ ဖြစ်နိုင်ချေအများဆုံးကတော့...
နောက်ကွယ်ကနေ ထိန်းချုပ်လို့ရတဲ့ ဖျက်ဆီးလို့ရတဲ့ ပရိုဂရမ်လေးတွေကို လက်စွမ်းပြ ရေးသား ချင်ကြတဲ့ လူတွေ ကြောင့်ပါပဲ။ ဒါကတော့ သဘာဝကျပါတယ်။ နောက်တစ်ခုကတော့ ဗိုင်းရပ်စ်တွေ ရှိနေလို့လည်း အင်တီ ဗိုင်းရပ်ပ်စ် ကုမ္မဏီတွေ ဆိုတာ ပေါ်လာပြီး ကြီးပွားနေတာပေါ့း) ။ အမျိုးမျိုး အတွေးပွားလို့ ရပါတယ်။
ဒီတော့ကာ.. အဲ့သည့် ဗိုင်းရပ်စ် အမျိုးအစားလေးတွေကို ဖော်ပြလိုက်ပါတယ်။


Computer ကို virus မကိုက်အောင်ကာကွယ်နည်လေးပါ



ကွန်ပြူတာကိုသုံးတော့မယ်ဆိုရင်ကျွန်တော်တိုသူငယ်ချင်းတွေအများဆုံးကြောက်ကြတာကတော့
virus ပါဘဲ ကျွန်တော်တိုကြောက်တဲ့ virus ကိုဘယ်လို့ကာကွယ်ရမလဲလို့သုံးသပ်လိုက်တဲ့အခါမှာ
နည်းတစ်ခုကိုတွေပါတယ် အဲဒါကဘာလဲလို့ဆိုတော့
Computer ကို Virus မ၀င်အောင် ကာကွယ်နည်း (၅) မျိုး...................
၁။ မည်သည့် external device ကိုမှမတပ်ဆင်ပါနဲ့(CD-DVD များအပါအ၀င်)
၂။ internet မသုံးပါနဲ့၊ သုံးရင်လည်း မည်သည့် web site ကိုမှဖွင့် မကြည့်ပါနဲ့၊
၃။ Computer ကို မဖွင့်ပါနဲ့(မီးပလပ် မထိုးပါနဲ့)၊
၎။ Computer ကို အစကတည်းက မ၀ယ်ပါနဲ့၊
၅။ Computer ဆိုင်ရှေ့ကို ဖြတ် မလျှောက်ပါနဲ့၊


Internet Explorer 10 အကြောင်း တစေ့တစောင်း

ကျွန်တော်တို့ မြန်မာ နိုင်ငံ နဲ့ အတူ အခြား နိုင်ငံတွေ မှာ Microsoft ရဲ့ Internet Explorer က ရေပန်း မစားတော့ တာ အတော်ကြာခဲ့ပါပြီ။  Firefox , Google Chrome စသဖြင့် အသုံးပြုကြပေမဲ့ အမေရိကန် နိုင်ငံမှာ အခု အချိန်အထိ အသုံးအများ ဆုံး ဖြစ်နေတဲ့ Internet browser က Internet Explorer ဖြစ်နေဆဲပါ။  အခု Microsoft က ကမ္ဘာနဲ့ချီပြီး ဈေးကွက် ပျောက်ဆုံးနေတာကို ပြန်လည် အနိုင်ယူဖို့အတွက် လုပ်ဆောင်ချက် အသစ်တွေ ထည့်သွင်းထားတဲ့ Internet Explorer version 10  ကို ဖြန့်ချီလိုက်ပြီ ဖြစ်ပါတယ်။  ပါဝင်တဲ့ လုပ်ဆောင် ချက် တချို့ က လက်ရှိအချိန်မှာ တခြား ဘယ် browser မှာမှ ရှာလို့မရတဲ့ လုပ်ဆောင် ချက်တွေပါ။

 အထူးသဖြင့် Internet Explorer 10 က ပုံမှန်အားဖြင့် ဂိမ်းကစား ချိန်မှာသာ အသုံးများတဲ့ Graphic Card ကို ၀ဘ်ဆိုဒ်တွေ ပြသတဲ့ နေရာမှာ အသုံးပြု လိုက်တာက လူတိုင်း အံ့အား သင့်သွားတဲ့ အချက်ပါ။  ၀ဘ်ဆိုဒ်တစ်ခု ကို ဖွင့်လိုက်တဲ့ အချိန်မှာ အလုပ်မလုပ်ပဲ အားနေတဲ့ ကွန်ပျူတာရဲ့ graphic card ကို ၀ဘ်ဆိုဒ်ရဲ့ ဂရပ်ဖစ်တွေ ပြသဖို့ အသုံးပြုလိုက်ပြီး ကွန်ပျူတာရဲ့ processor ကိုတော့ ၀ဘ်ဆိုဒ်ရဲ့ တခြား ကဏ္ဍတွေ ပြသဖို့ အလုပ်ကို ခွဲဝေ လိုက်တာ ကြောင့် ၀ဘ် စာမျက်နှာ တစ်ခု ပြသဖို့ လိုအပ်တဲ့ အချိန်ကို


CDMA 800 Internet Setting ပြုလုပ်နည်း ( For 1500 kyats )






CDMA800 ရဲ့ internet setting က GSM တို့နဲ့မတူပါဘူး။ အခုနောက်ပိုင်းဆိုရင် အရင်ကလုပ်ထားခဲ့တဲ့ Setting တစ်ချို့နဲ့ အသုံးပြုလို့ ရမှာ မဟုတ်တော့ပါဘူး။ အဲဒီလို အသုံးပြုလို့မရရင် ဆိုင်တွေကို သွားပြီး အကူအညီတောင်းရပါတယ်။ ဒါပေမယ့် ဆိုင်တော်တော်များများက အရင် Setting အတိုင်းပဲလုပ်ပြီး မရတော့ ဖုန်းကပဲ အပြစ် ဖြစ်နေတတ်ပါတယ်။ အဲဒီအတွက် internet setting အသစ်ကို အားလုံးသိအောင် ဖော်ပြပေး လိုက်ပါတယ်။


ကွန်ပျူတာရဲ့ အင်တာနက် ကို USB နဲ့ချိတ်ပြီး ဖုန်းနဲ့သုံးနည်း


လိုအပ်ချက်တွေကတော့
1.PC ( Personal Computer ) မှာ အင်တာနက်ချိတ်ထားရပါမယ်..
2. မိမိအသုံးပြုမယ့် Android Phone ဟာ Root ဖောက်ပြီးသားဖြစ်ရပါမယ်..
3. မိမိဖုန်းနဲ့ချိတ်ဆက်မယ့် USB ကြိုးဟာ ကောင်းမွန်မှန်ကန်နေရမှာဖြစ်ပါတယ်..

လုပ်နည်း
1. မိမိဖုန်းမှာ USB Debugging ကို On ထားရမှာဖြစ်ပါတယ်... သာမန်အားဖြင့် Settings>>Application>>Development>>USB Debugging မှာအမှန်ခြစ်ရပါတယ်.. Android 4.2 နှင့်အထက် သမားတွေကတော့ ဒီမှာ ဖတ်ကြည့်ပါ...
2. မိမိဖုန်းနဲ့ ကိုက်ညီတဲ့ Driver ကို PC မှာ Install လုပ်ပါ... မရှိရင် ဒီမှာ ဒေါင်းပါ... Driver Install လုပ်ပြီးရင်တော့ ဖုန်းနဲ့ ကွန်ပျူတာကို USB သုံးပြီး ချိတ်ဆက်လိုက်ပါ...
3. အောက်မှာပေးထားတဲ့ လင့် တစ်ခုခုကနေ ဖိုင်ကို ဒေါင်းလိုက်ပါ.. တစ်ခုက ဒေါင်းရင်ရပါပြီ...