Showing posts with label အားကစား. Show all posts
Showing posts with label အားကစား. Show all posts

မြန်မာဘောလုံး သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလား အဆင့်ပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ၀င်ရောက်ခွင့်ရ

အာရှယူ-၁၉ ပြိုင်ပွဲကွာ တားအဆင့်တွင် မြန်မာယူ-၁၉ အသင်းသည် အာရှထိပ်သီးယူ အေအီး အသင်းကို (၁-၀)ဂိုးဖြင့်အနိုင်ယူကာ အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားပြီး ၂၀၁၅ ကမ္ဘာ့ဖလားယူ-၂၀ ပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ် ပြိုင်ခွင့်ရရှိခဲ့သည်။
အောက်တိုဘာ ၁၇ ရက်က သုဝဏ္ဏကွင်း၌ ကျင်းပခဲ့သည့် ယင်းပွဲသို့ ပရိသတ်ကွင်းလုံးပြည့် (သုံး သောင်းဝန်းကျင်) လာရောက် အားပေးခဲ့ကြပြီး ဒုတိယပိုင်းတွင် တိုက်စစ်မှူးသန်းပိုင်၏ တစ်လုံး တည်းသော အနိုင်ဂိုးဖြင့် မြန်မာ အသင်း အနိုင်ရရှိခဲ့ခြင်း ဖြစ် သည်။
အရပ်အမောင်းနှင့် ကြံ့ခိုင်မှု ပိုကောင်းသည့် အာရှထိပ်သီး ယူအေအီးအသင်းသည် မြန်မာ အသင်းကို ပွဲချိန်အများစုတွင် ဖိအားပေးကစားနိုင်ခဲ့သော်လည်း မြန်မာအသင်းက အကောင်းဆုံးခံစစ်ဖြင့် တုံ့ပြန်ကစားနိုင်ခဲ့သည်။
မြန်မာအသင်းအနေဖြင့် ယခုပွဲစဉ်တစ်လျှောက်အကောင်း ဆုံးအခွင့်အရေး တစ်ကြိမ်သာရရှိခဲ့ပြီး ယင်းအခွင့်အရေးအား အဖိုးတန်အနိုင်ဂိုးအဖြစ် ပြောင်း လဲနိုင်ခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၅၂ မိနစ်တွင် ဘယ်တောင်ပံမှ ငြိမ်း ချမ်းအောင်၏ အကောင်းဆုံးပေး ပို့မှုမှတစ်ဆင့် သန်းပိုင်က အ ကောင်းဆုံးအဆုံးသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယူအေအီး အသင်းသည် ပွဲပြီးခါနီးအထိ မြန်မာအသင်း အား ဖိအားပေးကစားနိုင်ခဲ့သော် လည်း ချေပဂိုးမရရှိခဲ့ဘဲ အိမ်ရှင် အသင်းကို အရှုံးပေးခဲ့ရသည်။