Showing posts with label Web Developing. Show all posts
Showing posts with label Web Developing. Show all posts

Website လိပ်စာအား အင်္ဂလိပ်အပြင် အခြားဘာသာစကာဖြင့်လည်း သတ်မှတ်နိုင်တော့မည်


အင်တာနက်ဝက်ဘ်ဆိုက်အတွက် Domain Name သတ်မှတ်ပေးနေတဲ့ Internet Corporation for Assigned Names and Number (ICANN) အဖွဲ့အစည်းဟာ Domain Names တွေကို အင်္ဂလိပ်ဘာသာအက္ခရာစာလုံးအပြင် အခြားသော ဘာသာစကားများဖြင့်လည်း ပြုလုပ်ခွင့်ပေးသွားတော့မယ်လို့ သိရပါတယ်။ Domain Names တွေကို အခြားဘာသာစကားများဖြင့် ရယူနိုင်ရန်ကနဦး အဆိုပြုချက်အား ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်မှာ သဘောတူထားခဲ့တာဖြစ်ပါတယ်။ အဆိုပါသဘောတူညီ ချက်ကိုအကောင်အထည်ဖော်တဲ့ အနေနဲ့ ICANN ဟာ Internationalised Domain Names (INDs) အတွက် လိုအပ်တဲ့ Application တွေကို နိုဝင်ဘာလ ဒုတိယပတ်မှာ စတင်ဆောင်ရွက် တော့မယ်လို့ဆိုပါတယ်။
လာမယ့် ၂၀၀၁ ခုနှစ် နှစ်လယ်လောက်မှာတော့ အင်တာ နက်ဝက်ဘ်ဆိုက် တွေကို အင်္ဂလိပ် အက္ခရာစာလုံး မဟုတ်တဲ့ Domain Names တွေ အဖြစ်လည်း မြင်တွေ့ရဖွယ်ရှိပါတယ်။ ICANN ရဲ့ Domain Name သတ်မှတ်မှု ဆိုင်ရာ ယခုအပြောင်းအလဲအရ ၀က်ဘ်ဆိုက်လိပ်စာခေါ် Uniform Resource Locators (URLs) တွေကို အင်္ဂလိပ်စကား အပြင် အာရှနှင့် အာရပ်ဒေသဘာ သာစကားများဖြင့်ပါ မြင်တွေ့ရ မှာပါ။ အင်္ဂလိပ်အက္ခရာ မဟုတ်တဲ့ အခြားအက္ခရာဘာသာ စကားတွေ ကို 
လက်ရှိအသုံးပြုနေတဲ့ Domain Name System (DNS) က နားလည်းသိရှိနိုင်ရန် လိုအပ်တဲ့ ပြောင်းလဲမှုတွေကို ICANN က ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။