အတာသင်္ကြန်အတွက် ရေစိုခံ ဖုန်းအမျိုးအစားများ





Samsung Galaxy S 5

ရေစိမ်ခံနိုင်စေရန် ဖုန်းကာဗာ၌ ရာဘာသီးသန့် ထည့်သွင်းဖန်တီးထားသော ဖုန်းဖြစ်ပြီး IP67 Certified အသိအမှတ်ပြု ဖုန်းဖြစ်သည်။ IP67 အမျိုးအစားမှာ ရေအောက်အနက် ၃ ပေ၌ မိနစ် ၃၀ ကြာ အသုံးပြုနိုင်သည်။ လက်ဗွေလုံခြုံရေးစနစ်များ ထောက်ပံ့ပါဝင်ပြီး မြင်ကွင်းအရွယ်အစားမှာ ၅.၁ လက်မရှိသည့် Super AMOLED Display ကို အသုံးပြုထားသော ဖုန်းဖြစ်ပါသည်။ Quad-core 2.5 GHz CPU နှင့် Adreno 330 အမျိုးအစား GPU အမျိုးအစားဖြစ်သည်။ 16 Megapixel နောက်ဘက်ကင်မရာနှင့် 2 Megapixel ရှိသော ရှေ့ဘက်ကင်မရာများကို ထည့်သွင်းထားပြီး သိုလှောင်မှုအတွက် 16GB နှင့် RAM မှာတော့ 2GB ရှိသည်။ Android OS v4.4.2 ကိုထည့်သွင်းထားပြီး ဘက်ထရီမှာ ဖုန်းပြောခြင်းကို
၂၁ နာရီကြာ အသုံးပြုနိုင်သည့် 2800 mAh အမျိုးအစားဖြစ်ပါသည်။ GSM တစ်ကတ်သုံး ဖုန်းအမျိုးအစားဖြစ်ပြီး 2G/3G/4G LTE ကွန်ရက်စနစ်ထိ ထောက်ပံ့ပေးနိုင်သည်။ တန်ဖိုးမှာ ၅၂၀,ဝဝဝ ကျပ်ဝန်းကျင်ရှိပြီး ဖုန်း - ၀၉ ၃၂၃၃၁၂၇၀ ၌ ဝယ်ယူနိုင်သည်။




Sony Xperia Z3

ယခုဖုန်းမှာ IP68 Certified အသိအမှတ်ပြုထားသည့် ရေစိုခံဖုန်း အမျိုးအစားဖြစ်သည်။ ရေအောက်အနက် ၃ ပေခန့်တွင် မိနစ် ၃၀ ကြာ အသုံးပြုနိုင်မည်ဖြစ်သည်။ မြင်ကွင်းအရွယ်အစား ၅ လက်မရှိသော IPS LCD Display အမျိုးအစားဖြစ်ပါသည်။ Quad-core 2.5 GHz CPU နှင့် Adreno 330 အမျိုးအစား GPU အမျိုးအစားဖြစ်ပါသည်။ 20.7 Megapixel နောက်ဘက်ကင်မရာနှင့် 2.2 Megapixel ရှိသည့် ရှေ့ဘက်ကင်မရာများကို ထည့်သွင်းထားပြီး သိုလှောင်မှုအတွက် 16GB နှင့် RAM အတွက် 3GB ပါရှိပါသည်။ Android OS v4.4.4 ကိုထည့်သွင်းထားပြီး ဖုန်းပြောခြင်းကို ၁၆ နာရီကြာ အသုံးပြုနိုင်သည့် 3100 mAh အမျိုးအစား ဘက်ထရီကို အသုံးပြုထားသည်။ GSM တစ်ကတ်သုံး ဖုန်းအမျိုးအစားဖြစ်ပြီး 2G/3G/4G LTE ကွန်ရက်စနစ်ထိ ထောက်ပံ့ပေးနိုင်သည်။ တန်ဖိုးမှာ ၅၁ဝ,ဝဝဝ ကျပ်ဝန်းကျင်ရှိပြီး ဖုန်း - ၀၉ ၂၅၃၂၆၆၀၉၉ ၌ ဝယ်ယူနိုင်သည်။



Sony Xperia Z2

သူ့အရင် ထွက်ရှိခဲ့သော Sony Xperia Z1 ကဲ့သို့ IP58 Certified အသိအမှတ်ပြုထားသော ရေစိုခံဖုန်းအမျိုး အစားဖြစ်ပါသည်။ ရေအောက်အနက် ၅ ပေခန့်တွင် မိနစ် ၃၀ ကြာ အသုံးပြုနိုင်သည်။ မြင်ကွင်းအရွယ်အစား ၅.၂ လက်မရှိသော IPS LCD Display ကို သုံးထားပါသည်။ 
Quad-core 2.2 GHz CPU နှင့် Adreno 330 အမျိုးအစား GPU အမျိုးအစား ဖြစ်သည်။ 20.7 Megapixel နောက်ဘက်ကင်မရာနှင့် 2.2 Megapixel ရှိသောရှေ့ဘက် ကင်မရာများကို ထည့်သွင်းထားသည်။ သိုလှောင်မှုအတွက် 16GB ပါရှိပြီး နှင့် RAM မှာ 3GB ပါဝင်သည်။ Android OS v4.2 ကိုထည့်သွင်းထားပြီး ဘက်ထရီတော့ ဖုန်းပြောခြင်းကို ၁၉ နာရီကြာ အသုံးပြုနိုင်သည့် 3200 mAh အမျိုးအစားဖြစ်သည်။ GSM တစ်ကတ်သုံးဖုန်း အမျိုးအစားဖြစ်ပြီး 2G/3G/4G LTE ကွန်ရက်စနစ်ထိ ထောက်ပံ့ပေးနိုင်သည်။ တန်ဖိုးကတော့ ၃၉ဝ,ဝဝဝ ကျပ်ဝန်းကျင်ရှိပြီး ဖုန်း - ၀၉ ၂၅၃၂၆၆၀၉၉ ၌ ဝယ်ယူနိုင်။



Sony Xperia Z1

IP58 Certified အသိအမှတ်ပြုထားသော ရေစိုခံဖုန်း အမျိုးအစားဖြစ်သည်။ ရေအောက်အနက် ၅ ပေခန့်၌ မိနစ် ၃၀ ကြာအသုံးပြုနိုင်သည်။ မြင်ကွင်းအရွယ်အစား ၅ လက်မရသောTFT LCD Display အမျိုးအစားဖြစ်သည်။
Quad-core 2.2 GHz CPU နှင့် Adreno 330 အမျိုးအစား GPU အမျိုးအစားဖြစ်သည်။ 20.7 Megapixel နောက်ဘက်ကင်မရာနှင့် 2 Megapixel ရှိသော ရှေ့ဘက်ကင်မရာတွေကို ထည့်သွင်းထားသည်။ သိုလှောင်မှုအတွက် 16GB နှင့် RAM မှာ 2GB ပါရှိသည်။ Android OS v4.2 ကိုထည့်သွင်းထားပြီး ဘက်ထရီမှာ ဖုန်းပြောခြင်းကို ၁၅ နာရီကြာ အသုံးပြုနိုင်သည့် 3000 mAh အမျိုးအစားဖြစ်သည်။ GSM တစ်ကတ်သုံး ဖုန်းအမျိုးအစားဖြစ်ပြီး 2G/3G/4G LTE ကွန်ရက်စနစ်ထိ ထောက်ပံ့ပေးနိုင်သည်။ တန်ဖိုးမှာ ၃၂၅,ဝဝဝ ကျပ် ဝန်းကျင်ဖြစ်ပြီး ဖုန်း - ၀၉ ၃၂၃၃၁၂၇၀ ၌ ဝယ်ယူနိုင်သည်။



Sony Xperia Z Ultra

နားကြပ်ပေါက်မှာ မည်သည့်အပိတ်မှ အသုံးမပြုထားဘဲနှင့် ရေအောက် ၅ ပေ (၁.၅ မီတာ) အနက်၌ မိနစ် ၃၀ ၀န်းကျင်ယူဆောင် အသုံးပြုနိုင်မည်။ ၅ လက်မအရွယ်အစား မိုဘိုင်းဖုန်းများထက် ပိုမိုကြီးမားသည့် ဖုန်းများကို ကိုင်ချင်သူများအတွက် ထုတ်လုပ်ထားသော ဖုန်းဖြစ်ပါသည်။ မြင်ကွင်းအရွယ်အစား ၆.၄ လက်မရှိသည့် IPS LCD Display ကို အသုံးပြုထားပြီး Multi-touch စနစ်မှာ 10 fingers touch အမျိုးအစားဖြစ်သောကြောင့် လက်ချောင်းဆယ်ချောင်းအထိ အသုံးပြုနိုင်မည်ဖြစ်သည်။
 Quad-core 2.2 GHz CPU နှင့် Adreno 330 အမျိုးအစား GPU အမျိုးအစား ထည့်သုံးထားသည်။ 8 Megapixel ရှိသော နောက်ဘက်ကင်မရာနှင့် 2 Megapixel ရှိသည့် ရှေ့ဘက် ကင်မရာများ တပ်ဆင်ထားပါသည်။ သိုလှောင်မှုအတွက် 16GB ပမာဏပါဝင်ပြီး RAM မှာ 2GB ဖြစ်သည်။ Android OS v4.2 ကို အသုံးပြုထားပြီး ဘက်ထရီမှာ ဖုန်းပြောခြင်းကို ၁၆ နာရီကြာ အသုံးပြုနိုင်သည့် 3050 mAh အမျိုးအစားဖြစ်သည်။ GSM တစ်ကတ်သုံးဖုန်း အမျိုးအစားဖြစ်ပြီး 2G/3G/4G LTE ကွန်ရက်စနစ်ထိ ထောက်ပံ့ပေးနိုင်သည်။ တန်ဖိုးမှာ၂၈ဝ,ဝဝဝ ကျပ်ဝန်းကျင်ရှိပြီး ဖုန်း - ၀၉၃၁၅၃၃ ၄၄၄၄ ၌ ဝယ်ယူနိုင်မည် ။



Land Rover 

Land Rover အမှတ်တံဆိပ် GSM ဆင်းမ်ကတ်ထည့်သွင်း အသုံးပြုနိုင်သော ဟန်းဆက်ဖြစ်သည်။ သင်္ကြန်အတွင်း ရေစိုခံပြီး အကြမ်းခံနိုင်သော ဟန်းဆက်ဖြစ်သည်။ သင်္ကြန်အတွင်း ရေစိုခံပြီး အကြမ်းခံသော ဟန်းဆက်ကို အသုံးပြုချင် သူများအတွက် အဆင်ပြေစေမည် ဖြစ်သည် ။ ထိုင်းနိုင်ငံထုတ် အမျိုးအစားဖြစ်သည်။ Price – ၅၅ ,ဝဝဝ ကျပ်ဝန်းကျင်ရှိပြီး ဖုန်း - ၀၉-၇၃၂၂၄၉၈၉၊ ၀၁-၃၈၀၅၃၆၊ ၀၁-၂၅၆၄၁၇ ၌ ဝယ်ယူနိုင်မည် ဖြစ်သည်။

Reference  :  Internet Journal 

No comments:

Post a Comment