Showing posts with label Registry. Show all posts
Showing posts with label Registry. Show all posts

Windows Registry အကြောင်း တစေ့တစောင်း


Registry ဟာ windows ရဲ့ အရေးပါလှတဲ့ အခန်းကဏ္ဍမှာရှိတယ်ဆိုတာကို ယနေ့မှာလူအတော်များများ သိပြီးဖြစ်ပါတယ်။
Registry ကနေ ကိုအလုပ်မလုပ်စေချင်တဲ့ Program တွေကို ပိတ်လို့ရသလို windows ထဲမှရှိတဲ့ အရာတွေကို ပြုပြင်လို့ရတယ်ဆိုတာကို နည်းပညာနဲ့ အကျွမ်းဝင်တဲ့ လူအချို့တွေတောင်မှ သိနိုင်ကြပါဘူး။
အချို့သော Program တွေက Folder Option ဖျောက်ပစ်တာ၊ Task bar ဖျောက်ပစ်တာ၊ Search တို့ Run တို့ Dialog box တို့ကို ဖျောက်ပစ်တာ တွေကို Registry မှာ သွားရေးပြီး ပိတ်ထားသလို Registry ကိုလည်း ဖွင့်လို့မရအောင် ပိတ်ထားကြတဲ့အတွက် စိတ်ကသိကအောက် ဖြစ်ရတာကိုလည်း ကြုံဖူးကြမှာပါ။
Registry ဟာ Administrator မဟုတ်ခဲ့လျှင် ၀င်ရောက်ကိုင်တွယ်လို့မရပါဘူး။ Administrator တွေတစ်ဦးထက်ပိုပြီးထားခဲ့မိလျှင်တော့ C:\Windows\registry ကိုရှာပြီး registry ပုံလေးကို right click ခေါက်ကာ Run as ဆိုတဲ့ command ကို click လုပ်ပြီး window box ကျလာလျှင် The following user ဆိုတဲ့ နေရာမှာ click ခေါက်ပြီး registry ကို ဖွင့်စေချင်တဲ့ Administrator ရဲ့ အမည်နဲ့ Password ကို ပေးထားခဲ့လျင် အခြားသူဝင်ပြီးမကိုင်တွယ်နိုင်တော့ဘဲ သတ်မှတ်ပေးထားတဲ့ Administrator ကသာကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။