ကျွန်တော်တို့ မြန်မာ နိုင်ငံ နဲ့ အတူ အခြား နိုင်ငံတွေ မှာ Microsoft ရဲ့ Internet Explorer က ရေပန်း မစားတော့ တာ အတော်ကြာခဲ့ပါပြီ။ Firefox , Google Chrome စသဖြင့် အသုံးပြုကြပေမဲ့ အမေရိကန် နိုင်ငံမှာ အခု အချိန်အထိ အသုံးအများ ဆုံး ဖြစ်နေတဲ့ Internet browser က Internet Explorer ဖြစ်နေဆဲပါ။ အခု Microsoft က ကမ္ဘာနဲ့ချီပြီး ဈေးကွက် ပျောက်ဆုံးနေတာကို ပြန်လည် အနိုင်ယူဖို့အတွက် လုပ်ဆောင်ချက် အသစ်တွေ ထည့်သွင်းထားတဲ့ Internet Explorer version 10 ကို ဖြန့်ချီလိုက်ပြီ ဖြစ်ပါတယ်။ ပါဝင်တဲ့ လုပ်ဆောင် ချက် တချို့ က လက်ရှိအချိန်မှာ တခြား ဘယ် browser မှာမှ ရှာလို့မရတဲ့ လုပ်ဆောင် ချက်တွေပါ။
အထူးသဖြင့် Internet Explorer 10 က ပုံမှန်အားဖြင့် ဂိမ်းကစား ချိန်မှာသာ အသုံးများတဲ့ Graphic Card ကို ၀ဘ်ဆိုဒ်တွေ ပြသတဲ့ နေရာမှာ အသုံးပြု လိုက်တာက လူတိုင်း အံ့အား သင့်သွားတဲ့ အချက်ပါ။ ၀ဘ်ဆိုဒ်တစ်ခု ကို ဖွင့်လိုက်တဲ့ အချိန်မှာ အလုပ်မလုပ်ပဲ အားနေတဲ့ ကွန်ပျူတာရဲ့ graphic card ကို ၀ဘ်ဆိုဒ်ရဲ့ ဂရပ်ဖစ်တွေ ပြသဖို့ အသုံးပြုလိုက်ပြီး ကွန်ပျူတာရဲ့ processor ကိုတော့ ၀ဘ်ဆိုဒ်ရဲ့ တခြား ကဏ္ဍတွေ ပြသဖို့ အလုပ်ကို ခွဲဝေ လိုက်တာ ကြောင့် ၀ဘ် စာမျက်နှာ တစ်ခု ပြသဖို့ လိုအပ်တဲ့ အချိန်ကို

.jpg)