Showing posts with label Virus. Show all posts
Showing posts with label Virus. Show all posts

ကွန်ပြူတာ ဗိုင်းရပ်စ်များအကြောင်း


ကွန်ပြူတာ ဗိုင်းရပ်စ် ဆိုတဲ့စကားက ခုချိန်မှာ ကလေးအစ .. အဲအဲ.. လူကြီးအဆုံး အားလုံး သိကြပြီး တော်တော်လေးကို ပေါ်ပြူလာဖြစ်နေတဲ့ နည်းပညာ ပြဿနာတစ်ခုပါ။
တကယ်တော့ ဗိုင်းရပ်စ်ဆိုတာ အကောင်အထည်ရှိတဲ့ ပိုးမွှားမဟုတ်သလို.. မိုက်ခရိုစကုတ်နဲ့ ကြည့်ရင်လည်း မြင်ရမယ့်အမျိုးအစားမဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူက အကောင်အထည်ရှိတဲ့ Hardware မှမဟုတ်တာ.. ။ လူတွေက တီထွင်ထားတဲ့ Software တစ်မျိုးပဲဖြစ်လို့ပါပဲ။
စဉ်းစားစရာ ဖြစ်လာပြီ.... ဒီတိုင်း သုံးလည်း အဆင်ပြေနေတဲ့ဟာကို..
ဘာ့ကြောင့် ဒီလိုတွေ အဆင်မပြေအောင် ရှုပ်အောင် လုပ်ကြသလဲဆိုတော့..။
အဖြေက တော့ အမျိုးမျိုးရိနိုင်ပါတယ်။ ဖြစ်နိုင်ချေအများဆုံးကတော့...
နောက်ကွယ်ကနေ ထိန်းချုပ်လို့ရတဲ့ ဖျက်ဆီးလို့ရတဲ့ ပရိုဂရမ်လေးတွေကို လက်စွမ်းပြ ရေးသား ချင်ကြတဲ့ လူတွေ ကြောင့်ပါပဲ။ ဒါကတော့ သဘာဝကျပါတယ်။ နောက်တစ်ခုကတော့ ဗိုင်းရပ်စ်တွေ ရှိနေလို့လည်း အင်တီ ဗိုင်းရပ်ပ်စ် ကုမ္မဏီတွေ ဆိုတာ ပေါ်လာပြီး ကြီးပွားနေတာပေါ့း) ။ အမျိုးမျိုး အတွေးပွားလို့ ရပါတယ်။
ဒီတော့ကာ.. အဲ့သည့် ဗိုင်းရပ်စ် အမျိုးအစားလေးတွေကို ဖော်ပြလိုက်ပါတယ်။


Computer ကို virus မကိုက်အောင်ကာကွယ်နည်လေးပါ



ကွန်ပြူတာကိုသုံးတော့မယ်ဆိုရင်ကျွန်တော်တိုသူငယ်ချင်းတွေအများဆုံးကြောက်ကြတာကတော့
virus ပါဘဲ ကျွန်တော်တိုကြောက်တဲ့ virus ကိုဘယ်လို့ကာကွယ်ရမလဲလို့သုံးသပ်လိုက်တဲ့အခါမှာ
နည်းတစ်ခုကိုတွေပါတယ် အဲဒါကဘာလဲလို့ဆိုတော့
Computer ကို Virus မ၀င်အောင် ကာကွယ်နည်း (၅) မျိုး...................
၁။ မည်သည့် external device ကိုမှမတပ်ဆင်ပါနဲ့(CD-DVD များအပါအ၀င်)
၂။ internet မသုံးပါနဲ့၊ သုံးရင်လည်း မည်သည့် web site ကိုမှဖွင့် မကြည့်ပါနဲ့၊
၃။ Computer ကို မဖွင့်ပါနဲ့(မီးပလပ် မထိုးပါနဲ့)၊
၎။ Computer ကို အစကတည်းက မ၀ယ်ပါနဲ့၊
၅။ Computer ဆိုင်ရှေ့ကို ဖြတ် မလျှောက်ပါနဲ့၊