Software Outsource လုပ်ငန်းမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း (၃၀) ဝင်ငွေရရှိနေသည်ဟုဆို



မြန်မာနိုင်ငံ၌ Software ရေးသားသူအရေအတွက် ၂,၅၀၀ ခန့်ရှိပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့်ကို Outsource လုပ်ငန်းမှ ဝင်ငွေရှာဖွေပေးနေသည် ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောသည်။
မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ ခန့်မှန်းချက်အရ ၂၀၂၀ ခုနှစ်၌ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ခန့်ကို Software Outsource ရေးသားသည့်လုပ်ငန်းမှ ရရှိလာမည်ဖြစ်ပြီး Software ရေးသားသူ အရေအတွက်သည်လည်း လူဦးရေ ၈ ထောင်ခန့်သို့ ရောက်ရှိလာမည်ဟု သိရသည်။
အဆိုပါခန့်မှန်းချက်အရ နှစ်စဉ် Software ရေးသားသည့် ပညာရှင်တိုးတက်မှုနှုန်းသည် ၂၅ ရာခိုင်နှုန်းရှိပြီး ပညာရှင်တစ်ဦးချင်းစီ၏ ထုတ်လုပ်မှုတန်ဖိုး မြင့်တက်ခြင်းမှာ ၁၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု
သိရသည်။ တိုးတက်မှုရာခိုင်နှုန်းသည် သာမန်အခြေအနေပေါ်မူတည်၍ တွက်ချက်ထားခြင်းဖြစ်ပြီး Industry အတွက် အခြေအနေကောင်းများ ဖန်တီးပေးခဲ့ပါက ယခုထက် ပိုမိုတိုးတက်လာနိုင်သည်ဟု သိရသည်။
မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ တွက်ချက်မှုများအရ Industry ကို အခြေအနေကောင်းများ ဖန်တီးပေးနိုင်ခဲ့ပါက ၂၀၂၀ ခုနှစ်ရောက်တွင် Software Outsource လုပ်ငန်းမှ ဝင်ငွေသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၄၅၀ အထိ မြင့်တက်လာမည်ဟု သိရသည်။ အလားတူ Software ရေးသားသူ အရေအတွက်သည်လည်း ၂၀၂၀ ခုနှစ်အရောက်၌ အရေအတွက် ၂ သောင်းအထိ တိုးမြင့်လာမည်ဟု ဦးခွန်ဦးက ဆိုသည်။
"နိုင်ငံရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် အိုင်တီ Industry အနေနဲ့ ရေရှည် တည်တံ့ပြီး အများပါဝင်သော စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ရရှိစေရန် ကဏ္ဍစုံ ပံ့ပို်းပေးနိုင်စေရန် ဆိုတဲ့ Vision ကို ချမှတ် ဆောင်ရွက်လျက် ရှိပါတယ်။ နည်းပညာစွန့်ဦးတီထွင်သူများ ထွန်းကားလာစေရန်၊ ပြည်တွင်း အိုင်စီတီ ထုတ်ကုန်နှင့် ဆော့ဖ်ဝဲ ဝန်ဆောင်မူ ဈေးကွက်ကို မြှင့်တင်ပေးစေရန်နဲ့ ပြည်ပကို အိုင်စီတီ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို တင်ပို့နိုင်စေရန် ဆိုတဲ့ Vision ကို ၂၀၂၀ ခုနှစ်အထိ ရည်မှန်းချက်ချပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ဦးခွန်ဦးက ပြောသည်။

Reference  :   Internet Journal

No comments:

Post a Comment