Windows Registry အကြောင်း တစေ့တစောင်း


Registry ဟာ windows ရဲ့ အရေးပါလှတဲ့ အခန်းကဏ္ဍမှာရှိတယ်ဆိုတာကို ယနေ့မှာလူအတော်များများ သိပြီးဖြစ်ပါတယ်။
Registry ကနေ ကိုအလုပ်မလုပ်စေချင်တဲ့ Program တွေကို ပိတ်လို့ရသလို windows ထဲမှရှိတဲ့ အရာတွေကို ပြုပြင်လို့ရတယ်ဆိုတာကို နည်းပညာနဲ့ အကျွမ်းဝင်တဲ့ လူအချို့တွေတောင်မှ သိနိုင်ကြပါဘူး။
အချို့သော Program တွေက Folder Option ဖျောက်ပစ်တာ၊ Task bar ဖျောက်ပစ်တာ၊ Search တို့ Run တို့ Dialog box တို့ကို ဖျောက်ပစ်တာ တွေကို Registry မှာ သွားရေးပြီး ပိတ်ထားသလို Registry ကိုလည်း ဖွင့်လို့မရအောင် ပိတ်ထားကြတဲ့အတွက် စိတ်ကသိကအောက် ဖြစ်ရတာကိုလည်း ကြုံဖူးကြမှာပါ။
Registry ဟာ Administrator မဟုတ်ခဲ့လျှင် ၀င်ရောက်ကိုင်တွယ်လို့မရပါဘူး။ Administrator တွေတစ်ဦးထက်ပိုပြီးထားခဲ့မိလျှင်တော့ C:\Windows\registry ကိုရှာပြီး registry ပုံလေးကို right click ခေါက်ကာ Run as ဆိုတဲ့ command ကို click လုပ်ပြီး window box ကျလာလျှင် The following user ဆိုတဲ့ နေရာမှာ click ခေါက်ပြီး registry ကို ဖွင့်စေချင်တဲ့ Administrator ရဲ့ အမည်နဲ့ Password ကို ပေးထားခဲ့လျင် အခြားသူဝင်ပြီးမကိုင်တွယ်နိုင်တော့ဘဲ သတ်မှတ်ပေးထားတဲ့ Administrator ကသာကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။



အနှောက်အယှက် Software တွေဟာလည်း Registry မှာဝင်ရောက်ရေးထားတာဖြစ်သလို 
Software တွေကို တင်တိုင်းဖျက်တိုင်းမှာ Registry ဟာ အမြဲမှတ်သားထားတာ ဖျက်ပစ်တာကိုလုပ်ရပါတယ်။
ကြာလာတဲ့အခါမှာ Registry ဟာ မှတ်သားထားတာတွေများလာပြီးရှုပ်ပွ လာပါတော့တယ်။
Registry မှာ key တွေများပြားလာတဲ့အခါကွန်ပျူတာဟာ နှေးကွေးလေးလံလာပါတယ်။
ဒီအချက်ကိုပြုပြင်လိုလျှင်တော့ Registry ကို သန့်ရှင်းပေးတဲ့ Software ကို သုံးပြီးသန့်ရှင်းပေးရမှာဖြစ်ပါတယ်။
System ကိုလည်းသန့်ရှင်းပေးတဲ့ Software တွေသီးသန့်ရှိတဲ့အတွက် တစ်လကိုတစ်ကြိမ်လောက် သန့်ရှင်းရေးလုပ်စေခြင်းဖြင့် ကွန်ပျူတာမှာဖြစ်ပေါ်တတ်တဲ့ သာမန် Software ပြဿနာတွေ ပေါ်မလာနိုင်တော့ပါဘူး။
ကျွန်တော်တို့ တစ်တွေဟာ နောက်ဆိုရင်လည်း ကွန်ပျူတာ ကို စိတ်ချမ်းချမ်းသာသာ နှင့် အသုံးပြုနိုင်ပါပြီ...။

 - HKEY_CURRENT_USER သည် လက်ရှိအသုးပြုနေသော userနှင့်သက်ဆိုင်သော အချက်အလက်များ (Folder, Screen, Control Panel Setting)ကို သိမ်းပေးသည်။
- HKEY_CLASSES_ROOT သည် softwareများနှင့် ထိုsoftwareများ မည်သို့ဖွဲ့စည်းကြောင်းဖော်ပြသည်။
- HEKY_CURRENT-CONFIG သည် လက်ရှိ Activeဖြစ်သော Hardware Configurationများ ဖော်ပြသည်။
- HKEY_USERS ဆိုသည့်အတိုင်း user၏ ID, Logon Screenများကို တည်ဆောက်ရန်လိုသော အချက်များကိုဖော်ပြပေးသည်။
- HKEY_LOCAL-MACHINE သည် osတက်ရန်အသုံးပြုသော Device, Driver,Configuration Data များအား ဖော်ပြပေးသည်။

C:windows\system32\Configဆိုသော Folderထဲတွင် Registryကို သိမ်းဆည်းထားသည်။ Operation Systemသည် Registry ကို အလိုအလျောက် backupလုပ်ပေးသည့်အပြင် မှတ်တမ်း (log)
လည်း ထားရှိသည်။ Backup လုပ်ထားသောနေရာမှာ %systemroot%\Repair ဖြစ်သည်။

Registry သည် OS ၏ Database တခုဖြစ်ခြင်းကြောင့် ပြင်လျှင် အထူးသတိထားရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မှားယွင်းပြင်မိပါက windowမတက်ခြင်းများ ကြုံနိုင်ခြင်းကြောင့်ဖြစ်သည်။
(Registryနှင့်ပတ်သက်သော Softwareများစွာရှိသည့်အနက်မှ Tuneup ကို ညွှန်းဆိုချင်ပါသည်။ ထို့အတူ ထိုSoftwareများအသုံးပြုမည်ဆိုပါက ချင့်ချိန်ပြီးအသုံးပြုသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော
ယခုမှ windowတင်ပြီးသောစက်တလုံးအား ထို Registry Mechnicတို့ကဲ့သို့ Softwareများဖြင့် Scanကြည့်ပါက errorများအများအပြားထွက်လာသည်ကို တွေ့ရှိရပါသည်။ Microsoft နှု့် ထို Software
Productများ ဘယ်ဟာမှားသလဲဆိုတာကို စာဖတ်သူသာ စဉ်းစားကြည့်စေလိုပါသည်။ ထို့အတူ တမျိုးလောက်သာ တင်ထားသင့်သည်။)
ထို့ကြောင့် Registryအားမပြင်ဆင်မီ Backupပြုလုပ်ထားသင့်သည်။  ပြုလုပ်ရန်မှာ Registryထဲတွင် File Menu မှ Exportကိုနှိပ်ပါ။
အောက်နားတွင် Export Rangeတွင် All ရွေးပေးပြီး File Name ပေးပြီးသိမ်းဆည်းနိုင်သည်။ ထိုFile ပေါ်တွင် Double Clickပြုလုပ်ခြင်းဖြင့် Restoreပြုလုပ်နိုင်သည်။


No comments:

Post a Comment