Windows တွင် MAC Address အားပြောင်းလဲပြီး WiFi အသုံးပြုခွင့်ရယူနည်း


Media Access Control address ( MAC address ) ဆိုတာကတော့ Network တစ်ခုရဲ့ အဓိကသတ်မှတ်
ထားတဲ့ အစိတ်အပိုင်းသတ်မှတ်ချက်တစ်ခုဖြစ်ပါတယ်။ MAC Address ကို IEEE 802 Network တွေမှာလည်း အသုံးပြုသလို..Ethernet လို Network တွေမှာပါ အသုံးပြုကြပါတယ်။ Printer , Camera , စတဲ့ ကွန်ပျူတာဆက်စပ် ပစ္စည်းတွေမှာလဲ MAC Address ဆိုတာ သက်ဆိုင်ရာ ပစ္စည်းတစ်ခုချင်း အလိုက်သူ့နေရာနဲ့သူပါဝင်ပါတယ်။ ဒါကတော့ အကြမ်းဖျင်းပြောပြပေးတာပါ။

အခု ညီငယ်တစ်ယောက်က မေးလာပါတယ်။ သူ့ အိမ်နားက WiFi ကို Passwords သိတယ်..ဒါပေမယ့် အဲ
သည်အိမ်က သူ့ကွန်ပျူတာရဲ့ MAC Address ကို ဘမ်းထားတဲ့အတွက် သူ အင်တာနက်သုံးမရပါဘူးတဲ့။
ဒီတော့ သူ MAC Address ကို ဘမ်းထားတယ်ဆိုရင် ကျနော်တို့က ဘမ်းထားတာကိုကျော်ခွဖို့အတွက်
MAC Address ကိုချိန်းမှဖြစ်တော့ပါ့မယ်။ ကဲ.. ဘယ်လိုချိန်းမလဲစလိုက်ရအောင်။
ဒီတော့ ကျွန်တော်အတတ်နိုင်ဆုံးရှာဖွေပြီး တင်ပေးလိုက်ပါတယ်။ ကျွန်တော်လဲ ဆရာတစ်ယောက်


မဟုတ်
ပါဘူး။ လေ့လာနေဆဲအဆင့်ဘဲရှိပါတယ်။

အရင်ဆုံး Windows Key + R ကိုတွဲနှိပ်ပြီး command box ကိုခေါ်ပါ့မယ်။ ncpa.cpl လို့ရိုက်ထည့်ပြီး OK ပေးလိုက်ပါ။ ပြီးတာနဲ့ အောက်ပုံမယ်ပြထားတဲ့အတိုင်း မိမိ Wifi ချိတ်ဆက်ထားတဲ့ Local Area Network မှာရှိတဲ့ ပုံကို Right Click ထောက်ပြီး Properties ကိုရွေးချယ်ပေးလိုက်ပါ။

ပြီးတာနဲ့ အောက်ပုံမယ်ပြထားတဲ့အတိုင်း Configure ကိုနှိပ်ပါ။


အောက် ပုံကိုထပ်ကြည်.ပါ


IEEE 802 network
IEEE 802 network
Advanced ကိုရွေးပါ။ Network Address ကို နှိပ်ပါ။ ညဘက်အခြမ်းက Value  အကွက်ထဲမှာ  000000000001 ဆိုတာလေးဖြည့်ပေးလိုက်ပါ။ ပြီးတာနဲ့ OK နှိပ်ပြီး ပြန်ထွက်ပါ။ မိမိရဲ့ MAC Address ကို ဘမ်းထားတဲ့ WIFI ဖြင့်ပြန်ချိတ်ကြည့်ပါ။ အဆင်ပြေပြေနဲ့ချိတ်လို့ရတာ တွေ့ပါလိမ့်မယ်။
အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်.....ကျွန်နော်လည်း အခုတစ်လော အလုပ်ကမအား နည်းပညာ
တွေလည်း တင်ပေးချင်တယ်ဗျာ..အလုပ်မအားလို့ တင်ပေးမဖြစ်တာ အားလုံး နားလည်ပေးကြပါနော်..

                                        Reference :  www.lwansulay.com

No comments:

Post a Comment