HUAWEI မှ Ascend Mate 7 နှင့် Ascend G7 မိတ်ဆက်မည်

 Huawei Ascend Mate 7
HUAWEI မှ Ascend Mate 7 နှင့် Ascend G7 ကို အောက်တိုဘာလ ၁၀ ရက် မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီ အထိ Park Royal ဟိုတယ်၌ မိတ်ဆက်ပြသ သွားမည်ဖြစ်သည်။
Ascend Mate 7 မှာ မျက်နှာပြင်အရွယ်အစား ၆ လက်မရှိပြီး ဘောင်မပါရှိပေ။ ပရိုဆက်ဆာ ၈ လုံး ပါရှိမည်ဖြစ်ပြီး Dual Antenna စနစ် ပါရှိသောကြောင့် လိုင်းဆွဲအား ကောင်းမွန်သည်။ အထူမှာ ၆.၆ မီလီမီတာခန့်သာ ရှိသည်။ လုံခြုံရေးအတွက် လက်ဗွေစနစ် ပါရှိသည်။ 4100 mAh ဘက်ထရီပါရှိပြီး အားအပြည့် ထည့်သွင်းထားပါက ၂ ရက်ကြာ အသုံးပြုနိုင်သည်။ မြန်မာစာစနစ်လည်း ပါရှိသည်။ အဆိုပါ Ascend Mate 7 နှင့်အတူ မိတ်ဆက်ပြသမည့် Ascend G7 မှာ မျက်နှာပြင်အရွယ်အစား ၅.၅ လက်မ ရှိပြီး 1.2 GHz ပရိုဆက်ဆာနှင့် 2GB RAM တို့ကို ထည့်သွင်းပေးထားသည်။
 ကျောဘက်ကင်မရာမှာ 13 megepixel ဖြစ်သည်။၂၀၁၄ ခုနှစ်၌ ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူအဖြစ် သတ်မှတ်ခံရသော HUAWEI ၏ Ascend Mate 7 နှင့် Ascend G7 တို့၏ ယခင်ဗားရှင်းဖြစ်သော HUAWEI P6 နှင့် P7 တို့မှာ ကမ္ဘာ့ဈေးကွက်အတွင်း၌ လူကြိုက်များ ရေပန်းစားခဲ့ကြသည်။
Reference  :  Internet Journal

No comments:

Post a Comment