မြန်မာဘောလုံး သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလား အဆင့်ပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ၀င်ရောက်ခွင့်ရ

အာရှယူ-၁၉ ပြိုင်ပွဲကွာ တားအဆင့်တွင် မြန်မာယူ-၁၉ အသင်းသည် အာရှထိပ်သီးယူ အေအီး အသင်းကို (၁-၀)ဂိုးဖြင့်အနိုင်ယူကာ အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားပြီး ၂၀၁၅ ကမ္ဘာ့ဖလားယူ-၂၀ ပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ် ပြိုင်ခွင့်ရရှိခဲ့သည်။
အောက်တိုဘာ ၁၇ ရက်က သုဝဏ္ဏကွင်း၌ ကျင်းပခဲ့သည့် ယင်းပွဲသို့ ပရိသတ်ကွင်းလုံးပြည့် (သုံး သောင်းဝန်းကျင်) လာရောက် အားပေးခဲ့ကြပြီး ဒုတိယပိုင်းတွင် တိုက်စစ်မှူးသန်းပိုင်၏ တစ်လုံး တည်းသော အနိုင်ဂိုးဖြင့် မြန်မာ အသင်း အနိုင်ရရှိခဲ့ခြင်း ဖြစ် သည်။
အရပ်အမောင်းနှင့် ကြံ့ခိုင်မှု ပိုကောင်းသည့် အာရှထိပ်သီး ယူအေအီးအသင်းသည် မြန်မာ အသင်းကို ပွဲချိန်အများစုတွင် ဖိအားပေးကစားနိုင်ခဲ့သော်လည်း မြန်မာအသင်းက အကောင်းဆုံးခံစစ်ဖြင့် တုံ့ပြန်ကစားနိုင်ခဲ့သည်။
မြန်မာအသင်းအနေဖြင့် ယခုပွဲစဉ်တစ်လျှောက်အကောင်း ဆုံးအခွင့်အရေး တစ်ကြိမ်သာရရှိခဲ့ပြီး ယင်းအခွင့်အရေးအား အဖိုးတန်အနိုင်ဂိုးအဖြစ် ပြောင်း လဲနိုင်ခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၅၂ မိနစ်တွင် ဘယ်တောင်ပံမှ ငြိမ်း ချမ်းအောင်၏ အကောင်းဆုံးပေး ပို့မှုမှတစ်ဆင့် သန်းပိုင်က အ ကောင်းဆုံးအဆုံးသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယူအေအီး အသင်းသည် ပွဲပြီးခါနီးအထိ မြန်မာအသင်း အား ဖိအားပေးကစားနိုင်ခဲ့သော် လည်း ချေပဂိုးမရရှိခဲ့ဘဲ အိမ်ရှင် အသင်းကို အရှုံးပေးခဲ့ရသည်။


ပွဲပြီးခါနီးအချိန်တွင် ယူ အေအီးအသင်းက မြန်မာဂိုးဧရိ ယာထိပ်နားတွင် အလွတ်တည် ကန်ဘောရရှိခဲ့ပြီး ယင်းအခြေအနေတွင် စိတ်လှုပ်ရှားမှုအမြင့်ဆုံး အချိန်ဖြစ်ခဲ့ရကြောင်း၊ ယခုနိုင်ပွဲ အတွက် အားလုံးကို ကျေးဇူးတင် ကြောင်းနှင့် ကစားသမားများအားကမ္ဘာ့ဖလားအိပ်မက်နှင့် နိုင်ငံ ဂုဏ်သိက္ခာအတွက် အကောင်း ဆုံးစိတ်ဓာတ် မြှင့်တင်မှုပေးခဲ့ ကြောင်း မြန်မာယူ-၁၉ အသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

မြန်မာနှင့် ယူအေအီးပွဲအပြီးတွင် အိမ်ရှင်ပရိသတ်တစ် ထောင် ၀န်းကျင်သည် ကွင်း အတွင်းသို့ ၀င်ရောက်အောင်ပွဲခံ ခဲ့ကြသည်။ ယူအေအီးယူ-၁၉ အသင်းနည်းပြ Abdulla Ahmed Khalfan မှာ လုံခြုံရေးအကြောင်း ပြချက်ဖြင့် ပွဲအပြီးသတင်းစာရှင်း လင်းပွဲသို့ တက်ရောက်ခြင်း မရှိ ပေ။
သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားခဲ့သည့် ကွာတားအဆင့် ဒုတိယပွဲတွင် ဥဇဘက်ကစ္စတန်အသင်းက ထိုင်းအသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ၀ဏ္ဏသိဒ္ဓိကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ကွာတားအဆင့်ပွဲစဉ်များတွင် မြောက်ကိုရီးယားအသင်းက ဂျပန်အသင်းကို ပင်နယ်တီအဆုံးအဖြတ် (၅-၄) ဂိုးဖြင့်လည်းကောင်း၊ ကာတာ အသင်းက တရုတ်အသင်းကို (၄-၂) ဂိုးဖြင့် လည်းကောင်း အနိုင်ရရှိခဲ့သည်။
၂၀၁၄ အာရှယူ-၁၄ ပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲစဉ်များကို အောက်တိုဘာ ၂၀ ရက်တွင် သု ၀ဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး ဥဇဘက်ကစ္စတန်နှင့် မြောက်ကို ရီးယား၊ မြန်မာနှင့် ကာတာအ သင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
အာရှ ယူ-၁၉ ပြိုင်ပွဲမှ အကြိုဗိုလ်လုပွဲရောက်လေးသင်း ဖြစ်သည့် မြန်မာ၊ ဥဇဘက်ကစ္စ တန်၊ မြောက်ကိုရီးယားနှင့် ကာ တာ အသင်း လေးသင်းသည် နယူးဇီလန်နိုင်ငံတွင် ကျင်းပမည့် ၂၀၁၅ ကမ္ဘာ့ဖလားယူ-၂၀ ပြိုင်ပွဲ သို့ အာရှတိုက်ကိုယ်စားပြုလေး သင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင် ခွင့်ရရှိခဲ့သည်။
ထူးခြားချက် အနေဖြင့် အဆိုပါ လေးသင်းတွင် အာဆီယံဒေသမှ မြန်မာတစ်သင်းသာပါဝင်နေသည်။ မြန်မာအသင်း အနေဖြင့် မြန်မာ့ဘောလုံးသမိုင်း တစ်လျှောက် ကမ္ဘာ့ဖလား ယူ -၂၀ ပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခြင်း လည်းဖြစ်သည်။
မြန်မာအသင်းသည် အာရှယူ−၁၉ ပြိုင်ပွဲသမိုင်းတစ်လျှောက်ဒုတိယအအောင်မြင်ဆုံးအသင်းအဖြစ် ခုနစ်ကြိမ်တိုင် ဗိုလ်စွဲခဲ့ဖူးသော်လည်း ၁၉၇၀ပြည့်နှစ်နှင့် အစောပိုင်းတွင်ဖြစ်ပြီး၊ ထိုစဉ်က ကမ္ဘာ့ယူ−၂၀ ပြိုင်ပွဲမရှိသေးပေ။ယူ−၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲသည် ၁၉၇၇ ခုနှစ်မှ စတင်ပေါ်ပေါက်လာခြင်းဖြစ်သည်။
မြန်မာယူ-၁၉ အသင်း ၂၀၁၅ ကမ္ဘာ့ဖလားယူ-၂၀ ပြိုင် ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ ခြင်းအတွက် ပွဲအပြီးနာရီပိုင်းတွင် ဂျပန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ထံသို့ ဂုဏ်ပြုသ၀ဏ်လွှာပေးပို့ခဲ့ ကြောင်း သတင်းရရှိသည်။

 Reference :  

No comments:

Post a Comment