Internet Explorer 10 အကြောင်း တစေ့တစောင်း

ကျွန်တော်တို့ မြန်မာ နိုင်ငံ နဲ့ အတူ အခြား နိုင်ငံတွေ မှာ Microsoft ရဲ့ Internet Explorer က ရေပန်း မစားတော့ တာ အတော်ကြာခဲ့ပါပြီ။  Firefox , Google Chrome စသဖြင့် အသုံးပြုကြပေမဲ့ အမေရိကန် နိုင်ငံမှာ အခု အချိန်အထိ အသုံးအများ ဆုံး ဖြစ်နေတဲ့ Internet browser က Internet Explorer ဖြစ်နေဆဲပါ။  အခု Microsoft က ကမ္ဘာနဲ့ချီပြီး ဈေးကွက် ပျောက်ဆုံးနေတာကို ပြန်လည် အနိုင်ယူဖို့အတွက် လုပ်ဆောင်ချက် အသစ်တွေ ထည့်သွင်းထားတဲ့ Internet Explorer version 10  ကို ဖြန့်ချီလိုက်ပြီ ဖြစ်ပါတယ်။  ပါဝင်တဲ့ လုပ်ဆောင် ချက် တချို့ က လက်ရှိအချိန်မှာ တခြား ဘယ် browser မှာမှ ရှာလို့မရတဲ့ လုပ်ဆောင် ချက်တွေပါ။

 အထူးသဖြင့် Internet Explorer 10 က ပုံမှန်အားဖြင့် ဂိမ်းကစား ချိန်မှာသာ အသုံးများတဲ့ Graphic Card ကို ၀ဘ်ဆိုဒ်တွေ ပြသတဲ့ နေရာမှာ အသုံးပြု လိုက်တာက လူတိုင်း အံ့အား သင့်သွားတဲ့ အချက်ပါ။  ၀ဘ်ဆိုဒ်တစ်ခု ကို ဖွင့်လိုက်တဲ့ အချိန်မှာ အလုပ်မလုပ်ပဲ အားနေတဲ့ ကွန်ပျူတာရဲ့ graphic card ကို ၀ဘ်ဆိုဒ်ရဲ့ ဂရပ်ဖစ်တွေ ပြသဖို့ အသုံးပြုလိုက်ပြီး ကွန်ပျူတာရဲ့ processor ကိုတော့ ၀ဘ်ဆိုဒ်ရဲ့ တခြား ကဏ္ဍတွေ ပြသဖို့ အလုပ်ကို ခွဲဝေ လိုက်တာ ကြောင့် ၀ဘ် စာမျက်နှာ တစ်ခု ပြသဖို့ လိုအပ်တဲ့ အချိန်ကို


 လျော့ချ လိုက်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် tab တွေကြောင့် browser ရဲ့ မြင်ကွင်း နည်းပါး တဲ့ ပြသနာကို ဖြေရှင်းဖို့ location bar နဲ့ tab bar ကို တပေါင်းတည်း ထားပေး လိုက်ပါတယ်။  ဒီအချက်ကြောင့် browser မှာ နေရာပိုထွက်လာပြီး အသုံးပြုရတာ လွတ်လွတ် လပ်လပ် ရှိလာမှာပါ။  ဒါကိုမှ မကြိုက်ပဲ အရင် ပုံစံကို ပဲ ပြန်လို ချင်တယ် ဆိုရင်လည်း right click တစ်ချက် နဲ့ ဆောင်ရွက်နိုင်တယ်လို့ ရေးသားထားပါတယ်။  ဒါ့အပြင် IE 9 (Internet Explorer 9) က Microsoft ရဲ့ Windows 7 နဲ့ အလိုက်ဖက်ဆုံး အလုပ်လုပ် နိုင်တယ်လို့ သိရပါတယ်။  ၀ဘ်ဆိုဒ် တစ်ခုကို သဘောကျရင် တခြား software တွေလိုပဲ task bar မှာ pin လုပ်ထားလို့ ရတာကြောင့် အမြဲ အသုံးပြုနေတဲ့ ၀ဘ်ဆိုဒ်တွေကို ကလစ် တစ်ချက်နဲ့ သွားလို့ ရနိုင်ပါတယ်။

Search လုပ်တဲ့ နေရာမှာလည်း Chrome လိုပဲ search နဲ့ location bar ကို တစ်ခုတည်း ပေါင်းလိုက်တာကြောင့် ဘာမှ စဉ်းစား နေစရာမလိုပဲ location ကို ရိုက်တာလား၊ search လုပ်တာလား ဆိုတာ IE က ဆုံးဖြတ်ပေးမှာပါ။  new tab ယူတဲ့ အခါမှာလည်း အသုံးများတဲ့ site တွေကို အရောင်နဲ့ ခွဲပြထားမှာ ဖြစ်သလို အသုံးပြုတဲ့ အချိန် ပေါ်မူ တည်ပြီး bar နဲ့ ပြသပေး မယ်လို့ သိရပါတယ်။

အခု အချိန်မှာ စမ်းသပ် နေတဲ့ beta အဆင့် ကို ထုတ်လုပ် ထားပြီး ဒီလို အဆင့်မြင့် လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ IE 10 ကို အသုံးပြု ချင်တဲ့ သူတွေ အနေနဲ့ Microsoft က တရားဝင် ထုတ်လုပ် ပေးထားတဲ့  Links  ကနေ ဒေါင်းလုပ် ဆွဲယူပြီး အသုံးပြုနိုင်ပါတယ်လို့ သတင်းကောင်းပါးလိုက် ပါရစေ။





No comments:

Post a Comment